ပြိုင်ပွဲဝင်တွေဟာ ပွဲဝင်တာမဟုတ်ဘဲနဲ့ အပြင်မှာပစ်ကြပြီဆိုရင်ကမ္ဘာစံချိန်ထက်အမှတ်ကောင်းအောင်ပစ်နိုင်ကျတဲ့တဲ့။တစ်ချို့ချန်ပီယံတွေတောင်မှချန်ပီယံရန်သာဖြစ်သွားရော
အပြင်မှာဖြစ်တဲ့စံချိန်ကိုမမိကြဘူးတဲ့။
ဒါဟာဘာကြောင့်လဲဆိုတော့စိတ်လှုပ်ရှားမှု စိုးရိမ်ကြောင့်ကြမှုကြောင့်ပဲတဲ့။ ပြိုင်ပွဲဝင်တွေအားလုံးကတဒိုင်းဒိုင်း ဖြစ်နေကြတဲ့အခါမှာတစ်ခြားသူကဗဟိုကိုမှန်သွားလိုက်ပြီဆိုတာကိုသိလိုက်ရင် ကိုပစ်တဲ့အခါတည့်ပါ့မလားလို့စိုးရိမ်သွားတက်တယ်တဲ့။စိုးရိန်လိုက်ပြီဆိုရင် ထင်တိုင်းမပေါက်တော့ဘူးဆိုတာသေချာပဲတဲ့။
တကယ်တော့ကိုစိုးရိမ်နေတဲ့အတွက်သူများပစ်ခတ်မှုကိုဘာမှပြောင်းလဲမဖြစ်စေနိုင်ဘူး။ကိုယ့်ပစ်ခတ်မှုကိုသာပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုကျကျနနသဘောပေါက်ပြီးစိတ်အေးအေးထားနိုင်ဖို့လိုတယ်တဲ့။သေနတ်ပစ်သင်ခန်းစာမှာသေနတ်ချိန်တာထက်စိတ်ချိန်တာပိုခက်တယ်
ဆိုတာကိုမှတ်ထားသင့်ပါတယ်သူများကြီးပွားတာကိုမနာလိုဝန်တိုဖြစ်ပြီးကိုဘဝပစ်မှတ်မလွဲစေနဲ့။
အောင်သင်း
တစ်ခါတုန်းကတပည့်တွေ
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments