Friday, 3 January 2020

thumbnail

လောကနီတိ ရဲ့တချို့



Photo by Jeremy Bishop on Unsplash
လောက၌ခြင်္သေ့သည်လည်းကောင်း၊သူတောကောင်းသည်လည်းကောင်း၊ဆင်သည်လည်းကောင်း။ဤသူတို့သည်အကျိုးမရှိသောအရပ်ကိုစွန့်၍သွားကုန်၏။ကျီးလည်းကောင်း၊ယုတ်မာသောယောက်ျားလည်းကောင်း၊သမင်သည်လည်းကောင်းဤသတ္တဝါတိုသည်၊မိမိကျင်လည်ရာအရပ်၌ပျက်စီးခြင်းကိုရောက်ကုန်၏

လောက၌ဥစ္စာကိုအလိုရှိညားအံ့ကုန်သွယ်ရာ၏။ပေးကမ်းခြင်းသည်မယဥ်ကျေးသောသူကိုယဥ်ကျေးစေတက်၏။ပေးကမ်းသည်ခပ်သိမ်းသောအကျိုးကိုပြီးစေတက်၏။ပေးကမ်းခြင်းကြောင့်လည်းကောင်း၊ချစ်ဖွယ်သောစကားကြောင့်လည်းကောင်းမိမိကလည်းသူ့အပေါ်မိုမောက်နိုင်ကုန်၏။

အကြင်အရပ်၌မြတ်နိုးခြင်းလည်းမရှိ၊ချစ်ခြင်းလည်းမရှိ၊အဆွေခင်ပွန်းလည်းမရှိ။တစ်စုံတစ်ယောက်မျှအတက်ပညာသင်စိမ့်သောသူလည်းမရှိ။ထိုအရပ်၌တစ်နေ့တစ်ရက်မျှမနေရာ။

အကြင်အရပ်၌ဥစ္စာရှိသောသူသည်လည်းကောင်း။ အကြားအမြင်များသောသူသည်လည်းကောင်း၊မင်းလည်းကောင်း၊မြစ်လည်းကောင်း၊ဆေးသမားလည်းကောင်း မရှိကုန်။ထိုအရပ်၌တရံတဆစ်မျှမနေရာ။

မကောင်းသောအရပ်၊မကောင်းသောအဆွေခင်ပွန်း၊မကောင်းသောအမျိုး၊မကောင်းသောမယား၊မကောင်းသောကျွန်တို့ကိုကြဥ်ရာ၏။


ရန်သူနှင့်လည်းအကျွမ်းမဝင်ရာ၊အဆွေခင်ပွန်းနှင့်လည်းအကျွမ်းမဝင်ရာ၊တစ်ရံတစ်ခါအဆွေခင်ပွန်းသည်အမျက်ထွက်လက်သော်ခပ်သိမ်းသောအပြစ်တို့ကိုထင်ရှားပြတက်သည်။


လောက၌ပေစာအုပ်တို့၌အကြင်အတက်သည်လည်းကောင်း၊သူတပါးတို၏လက်၌အကြင်ဥစ္စာသည်လည်းကောင်းရှိ၏။ ပြုဖွယ်ကိစ္စသည်ရှိလက်သော်ထိုပေစာအုပ်တို၌ရှိသောအတက်သည်အတက်မမည်။သူတစ်ပါးတို့၏လက်၌ရှိသောဥစ္စာသည်လည်းဥစ္စာမမည်


လောက၌ဥစ္စာပျက်ခြင်းလည်းကောင်း၊နှလုံးပူပန်ခြင်းလည်းကောင်း၊အိမ်၌မကောင်းမှုပြုခြင်းလည်းကောင်း၊လှည့်ပတ်တက်ခြင်းလည်းကောင်း၊ပညာရှိသည်ထင်ရှားမပြရာ။




ဥစ္စာမရှိဘဲလျက် အရသာစားကြူးသောသူ။ခွန်အားမရှိဘဲလျက်အသတ်အပုတ်ကြိုက်သောသူ။ပညာမရှိပဲလျက်စကားလိုလားသောသူ။ဤသူတိုးကားသူရူးနှင့်တူကုန်၏။
လောကနီတိပညာရှိကိုဆိုရာအခန်း အပိုဒ် ၃၀

မတောင့်တအပ်သည်ကိုမတောင့်တရာ။မကြံစည်အပ်သည်ကိုမကြံစည်ရာ။တရားသဘောနှင့်ဆက်လျဉ်းသည်ကိုသာကောင်းစွာကြံရာ၏
လောကနီတိ
သူတော်ကောင်းကိုဆိုရာအခန်း
အပိုဒ်၆၅



အမြတ်ကြီးလှသောသူကိုအမြတ်နည်းသဖြင့်အောင်ရာ၏။
မတော်မမှန်သောသူကိုမိမိကသူ‌ေတာ်‌ေကာင်းလုပ်သဖြင့်အောင်ရာ၏။
၀န်သောသူကိုပေးကမ်းသဖြင့်အောင်ရာ၏
စကားမမှန်သောသူကိုစကားမမှန်သောသူကိုစကားအမှန်ကိုဆိုသဖြင့်အောင်ရာ၏
လိုချင်တပ်မက်မောခြင်းရှိသောသူကိုတံစိုးလက်ဆောင်ပေးသဖြင့်အောင်ရာ၏
မာန်ခက်ထန်သောသူကိုလက်အုပ်ချီသဖြင့်ယူရာ၏
လူမိုက်ကိုကားအလိုသို့လိုက်သဖြင့်ယူရာ၏
ပညာရှိကိုအဟုတ်အမှန်ကိုဆိုသဖြင့်ယူရာ၏
လောကနိတိ
သူမိုက်ကိုဆိုရာအခန်း
အပိုဒ်၇၈

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About