Friday, 3 January 2020

thumbnail

ဗန်းမော်တင်အောင်၏ မင်းပြစ်မင်းဒဏ်စာအုပ်မှ

Photo by William Krause on Unsplash
အသက်ရှင်ကျန်နေသေးသမျှ ကာလပတ်လုံးအဘယ်ယောကျ်ားကောင်းတို့သည်မိမိတို့၏အတ္တနှင့်အားမာန်ကိုလျော့ချရိုးနည်း။ အလားတူပင်မိမိ၏ အကြံအစည်နှင့်ဇွဲလုံလကိုလျော့ချရိုးနည်း


လောကတွင် မသေရသောသူအဘယ်မှာရှိအံနည်း။ ဘုရားရှင်နှင့်ရဟန္တာတို့ပင်ကျော်လွှားနိုင်သောအမှုကိစ္စမဟုတ်။ သို့ရာတွင်သေခြင်းကိုကြောက်ရွံ့ခြင်းမရှိသော သူတို့သည်တစ်ကြိမ်တစ်ခါမျှသာသေရ၏။
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)




အကြီးအကဲလုပ်သူသည် လုပ်ရန်ရှိသော အမှုကိစ္စကိုတွေဝေ၍မဖြစ်၊ လျင်လျင်မြန်မြန်လုပ်ရဲကိုင်ဝံ့သော အရည်အချင်းများရှိရမည်
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)



အားလုံးပင်ရှင်ဘုရင်လုပ်ချင်သူများဖြစ်လေသလော။ ရှင်ဘုရင်လုပ်ရသောအလုပ်သည် သေးငယ်လွယ်ကူသော အမှုကိစ္စတစ်ရပ်ကားမဟုတ် ပေ။ တိုက်ရဲခိုက်ရဲ အနိုင်ယူရဲမှဖြစ်နိုင်သော အလုပ်ဖြစ်၏။ ထိုမျှသာမက တိုက်နိုင်၊ ခိုက်နိုင်အနိုင်ယူနိုင်လောက်အောင် အရည်အချင်းရှိမှလည်း ဖြစ်နိုင်ကောင်းသောအလုပ်ဖြစ်သည်မဟုတ်လော
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)



စစ်တိုက်ရသောအချိန်ရှိသကဲ့သို့ထွန်ယက်စိုက်ပျိုးရသောအချိန်လည်းရှိ၏
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)




Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About