မည်မျှလွယ်ကူသောအလုပ်ပင်ဖြစ်စေကာမူ မိမိစိတ်ထဲကလုပ်၍မဖြစ်နိုင်ဟုစွဲလမ်းနေလျင် လုပ်ရအလွန်ခက်သည်။သို့သော်မည်မျှပင်ခက်ခဲစေကာမူမိမိစိတ်ကလွယ်ကူသည်ဟု ထင်လင်လွယ်လွယ်ကူကူနှင့်ပင်ပြီးစီးတတ်သည်
ရှေးစကားပုံ
ဝတ္ထုတွေထဲမှာအိမ်ကထွက်ပြေးပြီးစွန့်စားရှာဖွေလို့ကြီးပွားသွားတာမျိုးကိုအဟုတ်ကြီးထင်အားကျပြီးမဆီမဆိုင်တာလုပ်တာမျိုးတွေ။ရုပ်ရှင်ဇာတ်လိုက်ကိုအားကျပြီးပေါက်တတ်ကရလုပ်တာမျိုးတွေဟာကိုယ်ပိုင်ဉာဏ်နဲပါးတဲ့လက်ခဏာပါပဲ။
အောင်သင်း
စဉ်းစားမိသမျှ
တချို့လူတွေတစ်ခုခုကိုယုံကြည်နေကြတယ်ဆိုတာ ဘာကြောင့်မှမဟုတ်ဘူးယုံချင်လို့ကိုယုံနေတာ။
ဒေးကား(ဖလော်ဆော်ဖာ)
ငါတို့တွေကသူများတွေဖြစ်ရင်ကိုယ်လဲဖြစ်နိုင်တယ်ဆိုတာကိုကောင်းတဲ့ကိစ်စမျိုးတွေကျတော့မှသာတွေးမိတတ်ကြတာ။သူများထီပေါက်ရင်ကိုယ်လဲပေါက်နိုင်တယ်ဆိုပြီးတွေးတယ်။ထီထိုးကြတယ်။ဒါပေမယ့်သူများကားတိုက်ခံရရင်ကိုယ်လည်းခံရနိုင်တယ်ဆိုတာမျိုးကျတော့မတွေးဘူး။မတွေးချင်ကြဘူး။
အောင်သင်း
တခါတုန်းကတပည့်တွေ
University definition
တက္ကသိုလ်ဆိုတာစာသင်တာမဟုတ်ဘူး။စဉ်းစားနည်းကိုပဓာနထားပြီးသင်တာ။စာသားတပ်ပြီးစဉ်းစားနည်းကိုမတက်ခဲ့ရင်ဘာဘွဲ့ကြီးပဲရနေနေ အဓိပ်ပာယ်မရှိဘူး။စဉ်းစားနည်းကိုရခဲ့ရင်ဘယ်ဘာသာ ယူပီး ဘာဘွဲ့ပဲရရအဓိပ်ပါယ်ရှိတယ်။
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments