Friday, 28 February 2020

thumbnail

၂၉ ရက်အတွက်



ဘယ်အရာမှ ပြီးပြည့်စုံသောအကြောင်းတရားရှိခဲ့သည်မဟုတ် လုပ်ရင်းနှင့် ဖြစ်လာလိမ့်မည်။
ကျွန်တော့ကိုတော်တော်စပ်စုတဲ့ လူလို့ပြောကြတယ်။ တကယ်တော့ဘဝလုံခြုံမှုကိုပန်းတိုင်အဖြစ်ထားတဲ့လူတွေဟာ တာထွက်ကတည်းက သူတို့ခြေထောက်ကိုသူတို့ ကျိုးတုတ်လျက်ရှနေသလိုပါပဲ။

Clarence Birdseye



ခင်ဗျားမှာ ရှင်းလင်းတဲ့ အမြင်မရှိရင် နည်းပညာဆိုတာလည်းဝေဝေဝါးဝါး ဖြစ်သွားမှာပဲ။ ငွေကုန်၊ အချိန်ကုန်ခံပြီး လိုရာမရောက်ဖြစ်လာတက်ပါတယ်။
 အက်ဒွတ်


ကျွန်တော်ကိုရူးသွပ်နေတယ် ထင်မှာမစိုးရိမ်ပါဘူး။ ကျွန်တော်က အစကတည်းက မှာယွင်းနေတယ်ဆိုတာလက်ခံပါတယ်။ ဒါပေမယ့်ဘယ်လိုနည်းနဲ့ပဲ လုပ်လုပ် အောင်မြင်ဖို့ပဲ မဟုတ်လား။
ဂျေဒီပါဝါ



အပြင်ကပြောနေတဲ့ အသံတွေကို ဂရုမစိုက်နဲ့ ကိုယ့်ဗီဇ ကပြောတဲ့ စကားကိုပဲနားထောင် ။
ဂျက်ဖိရို






thumbnail

ပြဿနာတွေလား


ပြဿနာတစ်ခုကြောင့် တချို့လူတွေက နောက်ပြန်လန်သွားတက်ပေမယ့် တချို့ကတော့ပြဿနာလို့တောင်မထင်ပါဘူး။ ကျုပ်ကတော့ပြဿနာတွေကိုချစ်တယ်။ လူတွေဟာတီထွင်မှုကိုမြတ်နိုးသလိုလုပ်ချင်ကိုင်ချင်တဲ့စိတ်လည်းရှိတက်ကြပါတယ်။

စပင်ဆေးဗား()


ကျွန်တော်တို့ တွေတစ်ခုခုကို ရှာဖွေတွေ့ရှိတဲ့အခါ ခဏရပ်ပြီး အဲ့ဒါကို သေသေချာချာ လေ့လာဖို့အချိန်ရှိရပါမယ်။ ဒါကအရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းအလုပ်ရှုပ်နေကြတဲ့အတွက် ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတော်တော်များများ ပျောက်ဆုံးသွားတက်လို့ပါ။


စပင်ဆေးဗား.....


Friday, 3 January 2020

thumbnail

သခင်အောင်ဆန်း စိတ်ခွန်းပေးစာ


လောဘဒေါသမောဟတို့၏ကြီးစိုးရာဌာနအခြားမဲ့၌ကား...
သေခြင်းတရားသည်ကြောက်မက်ဖွယ်ရာငံလင့်နေ၏
သို့ပင်မူ..ငါ့ကားမတုန်လှုပ်သည်ကိုသာတွေ့ရအံ့။.....
နောင်ကိုလည်းဘယ်တော့မှမကြောက်သည်ကိုတွေ့ရအံ့။....



လောကဓံတရား၏  လက်ခုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ
ငါကားမတုန်လှုပ်၊မငိုကြွေး။.....
ကံတရား၏ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင့်ငါ၏ဦးခေါင်းတို့သည်
သွေးသံတို့ဖြင့်ရဲရဲနီနေ၏
သို့သော ညွှတ်ကား၊ မညွှတ်။။။။....
သခင်အောင်ဆန်း..



ငါ့အား..
ဖုံးလွှမ်းထားသော
လကွယ်သန်းကောင်းယံ...ယင်းမှောင်မိုက်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးလိုသော ငါစိတ်ကို ဖန်ဆင်းပေးသူနတ်သိကြား...
တို့အား  ငါသည်ကျေးဇူးစကားဆိုပါ၏။...
သခင်အောင်ဆန်း..




thumbnail

ဗန်းမော်တင်အောင်၏ မင်းပြစ်မင်းဒဏ်စာအုပ်မှ

Photo by William Krause on Unsplash
အသက်ရှင်ကျန်နေသေးသမျှ ကာလပတ်လုံးအဘယ်ယောကျ်ားကောင်းတို့သည်မိမိတို့၏အတ္တနှင့်အားမာန်ကိုလျော့ချရိုးနည်း။ အလားတူပင်မိမိ၏ အကြံအစည်နှင့်ဇွဲလုံလကိုလျော့ချရိုးနည်း


လောကတွင် မသေရသောသူအဘယ်မှာရှိအံနည်း။ ဘုရားရှင်နှင့်ရဟန္တာတို့ပင်ကျော်လွှားနိုင်သောအမှုကိစ္စမဟုတ်။ သို့ရာတွင်သေခြင်းကိုကြောက်ရွံ့ခြင်းမရှိသော သူတို့သည်တစ်ကြိမ်တစ်ခါမျှသာသေရ၏။
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)




အကြီးအကဲလုပ်သူသည် လုပ်ရန်ရှိသော အမှုကိစ္စကိုတွေဝေ၍မဖြစ်၊ လျင်လျင်မြန်မြန်လုပ်ရဲကိုင်ဝံ့သော အရည်အချင်းများရှိရမည်
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)



အားလုံးပင်ရှင်ဘုရင်လုပ်ချင်သူများဖြစ်လေသလော။ ရှင်ဘုရင်လုပ်ရသောအလုပ်သည် သေးငယ်လွယ်ကူသော အမှုကိစ္စတစ်ရပ်ကားမဟုတ် ပေ။ တိုက်ရဲခိုက်ရဲ အနိုင်ယူရဲမှဖြစ်နိုင်သော အလုပ်ဖြစ်၏။ ထိုမျှသာမက တိုက်နိုင်၊ ခိုက်နိုင်အနိုင်ယူနိုင်လောက်အောင် အရည်အချင်းရှိမှလည်း ဖြစ်နိုင်ကောင်းသောအလုပ်ဖြစ်သည်မဟုတ်လော
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)



စစ်တိုက်ရသောအချိန်ရှိသကဲ့သို့ထွန်ယက်စိုက်ပျိုးရသောအချိန်လည်းရှိ၏
(ဗန်းမော်တင်အောင်၏မင်းပြစ်မင်းဒဏ်စာအုပ်မှ)




thumbnail

သံဝေဂလင်္ကာ


Photo by Patrick Tomasso on Unsplash
သူတည်းတယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာ ပျက်လင့်ကာသာဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်ကြငှန်းလည်းခံမတ်ပေါင်းရံလျက်ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာမင်းချမ်းသာကားသမုဒ္ဒရာရေမျက်နှာထက်ခဏတက်သည့်ရေပွက်ပမာတစ်သက်လျာတည်း။
ကြင်နာသနားငါ့အားမသတ်ယခုလွှတ်လည်းမလွတ်ကြမ္မာလူတကာတို့ ခန္ဓာခိုင်ကျည် မတည်မမြဲဖောက်လွဲတတ်သည်မခြွတ်စသာသတ္တဝါတည်း။

ရှစ်ခိုးကော်ရော်ပူဇော်အကျွန် ပန်ခဲ့တုံ၏ ခိုက်ကြုံဝိပတ် သံသာစက်၌ ကြိုက်လက်တုံမူ တုံ့မယူလိုကြည်ညိုစိတ်သန်သခင်မွန်ကိုချန်ဘိစစ်စစ်အပြစ်မဲ့ရေးခွင့်လျှင်ပေး၏သွေးသည်အနိစ်စာငါ့ခန္ဓာတည်း။
thumbnail

ဖတ်မိသမျှ

Photo by Patrick Tomasso on Unsplash

လူငယ်ဆိုတာသတ္တိကောင်းရမယ်ကိုယ်ပိုင်ဉာဏ်သုံးရမယ်



ဘဝဆိုတာမရေရာပါ‌ေနာက်ဆံုးစားရမဲ့အချိုပွဲကိုအရင်စားပါ



လူတယောက်ကအာဘောင်အာရင်းသန်သန်နဲ့ပြောတာကိုပဲဟုတ်တယ်ဘုရားလိုကိုးကွယ်ခိုင်းသမျှအကုန်လုပ်တဲ့အထိကောဇာမိသွားတာမျိုးတွေဟာကိုယ်ပိုင်ဉာဏ်တုံးသွားတဲ့အဖြစ်မျိုးတွေပါပဲ။


လူသားအားလုံးလောက်နီးနီးမှာစဉ်းစားခြင်းကိုသေခြင်းထက်ပိုကြောက်သည်။ထို့ကြောင့်မစဉ်းစားဘဲသေကုန်ကြခြင်းဖြစ်သည်။
ဘာထရန်ရပ်ဆယ်


ဘယ်လိုဆရာမျိုးကမှတပည့်တစ်ယောက်အတွက်တသက်စာသုံးလို့မကုန်နိုင်အောင်ပညာ‌ေတွမပေးလိုက်နိုင်ဘူး။ အတော်ဆုံးဆရာတစ်ယောက်တပည့်ဖြစ်သူရဲ့နှလုံးသားမှာ ပညာကိုစလောက်မို့သိပ်လောက်အောင်လုပ်လိုက်ခြင်းသာဖြစ်တယ်



ကိုယ့်အရည်အချင်းတိုးတက်အောင်အမြဲကြိုးစားရမယ်



မင်းမိတ်ဆွေပေါင်းသင်းကိုကူညီချင်တယ်ဆိုရင် ကူညီပါ။ သို့သော်သူ့ကျောပေါ်က၀န်ထုတ်ကိုကျောပေါ်ပြောင်းတင်တာမျိုးမဖြစ်စေနဲ့
The richest man in babylon


မည်သူမဆိုကြီးလေးသော တာဝန်ကိုထမ်းဆောင်ရစေကာမူညည့်ကာလအထိသာထမ်းဆောင်နိုင်ပေလိမ့်မည်။ မည်သူမဆိုမည်မျှလောက်ပင်ခက်ခဲပင်ပန်းသောအလုပ်ကိုဖြစ်စေတစ်နေ့တာမျှသာလုပ်ကိုင်နိုင်ပေလိမ့်မည်။မည်သူမဆိုပျော်ရွှင်ကျေနပ်ချစ်ခင်သန့်ရှင်းစွာနေထိုင်လျှင် နေမဝင်မီတောတွင်း၌သာဖြစ်ရမည်။ဤသည်ကားဘဝအဓိပ္ပာယ်ဖြစ်သည်။
ရောဘတ်လူ၀ီစတီဗင်


ကျနုပ်တို့သည်သောကကင်းဝေး၍ငြိမ်းချမ်းစွာနေလို့ပါမူ အောက်ပါနည်းလမ်းများကိုလိုက်နာပါ
သူတပါးကိုမတုပါနဲ့
ကိုသတ္တိကို သိအောင်လုပ်
နဂိုအတိုင်းနေ



thumbnail

သေနတ်ပစ်သင်ခန်းစာ

Photo by Alejo Reinoso on Unsplash
သေနတ်ပစ်သင်ခန်းစာ
ပြိုင်ပွဲဝင်တွေဟာ ပွဲဝင်တာမဟုတ်ဘဲနဲ့ အပြင်မှာပစ်ကြပြီဆိုရင်ကမ္ဘာစံချိန်ထက်အမှတ်ကောင်းအောင်ပစ်နိုင်ကျတဲ့တဲ့။တစ်ချို့ချန်ပီယံတွေတောင်မှချန်ပီယံရန်သာဖြစ်သွားရော
အပြင်မှာဖြစ်တဲ့စံချိန်ကိုမမိကြဘူးတဲ့။
ဒါဟာဘာကြောင့်လဲဆိုတော့စိတ်လှုပ်ရှားမှု စိုးရိမ်ကြောင့်ကြမှုကြောင့်ပဲတဲ့။ ပြိုင်ပွဲဝင်တွေအားလုံးကတဒိုင်းဒိုင်း ဖြစ်နေကြတဲ့အခါမှာတစ်ခြားသူကဗဟိုကိုမှန်သွားလိုက်ပြီဆိုတာကိုသိလိုက်ရင် ကိုပစ်တဲ့အခါတည့်ပါ့မလားလို့စိုးရိမ်သွားတက်တယ်တဲ့။စိုးရိန်လိုက်ပြီဆိုရင် ထင်တိုင်းမပေါက်တော့ဘူးဆိုတာသေချာပဲတဲ့။
တကယ်တော့ကိုစိုးရိမ်နေတဲ့အတွက်သူများပစ်ခတ်မှုကိုဘာမှပြောင်းလဲမဖြစ်စေနိုင်ဘူး။ကိုယ့်ပစ်ခတ်မှုကိုသာပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုကျကျနနသဘောပေါက်ပြီးစိတ်အေးအေးထားနိုင်ဖို့လိုတယ်တဲ့။သေနတ်ပစ်သင်ခန်းစာမှာသေနတ်ချိန်တာထက်စိတ်ချိန်တာပိုခက်တယ်
ဆိုတာကိုမှတ်ထားသင့်ပါတယ်သူများကြီးပွားတာကိုမနာလိုဝန်တိုဖြစ်ပြီးကိုဘဝပစ်မှတ်မလွဲစေနဲ့။
အောင်သင်း
တစ်ခါတုန်းကတပည့်တွေ
thumbnail

ရှေးစကားပုံ

Photo by Fabian Møller on Unsplash


မည်မျှလွယ်ကူသောအလုပ်ပင်ဖြစ်စေကာမူ မိမိစိတ်ထဲကလုပ်၍မဖြစ်နိုင်ဟုစွဲလမ်းနေလျင် လုပ်ရအလွန်ခက်သည်။သို့သော်မည်မျှပင်ခက်ခဲစေကာမူမိမိစိတ်ကလွယ်ကူသည်ဟု ထင်လင်လွယ်လွယ်ကူကူနှင့်ပင်ပြီးစီးတတ်သည်
ရှေးစကားပုံ

ဝတ္ထုတွေထဲမှာအိမ်ကထွက်ပြေးပြီးစွန့်စားရှာဖွေလို့ကြီးပွားသွားတာမျိုးကိုအဟုတ်ကြီးထင်အားကျပြီးမဆီမဆိုင်တာလုပ်တာမျိုးတွေ။ရုပ်ရှင်ဇာတ်လိုက်ကိုအားကျပြီးပေါက်တတ်ကရလုပ်တာမျိုးတွေဟာကိုယ်ပိုင်ဉာဏ်နဲပါးတဲ့လက်ခဏာပါပဲ။
အောင်သင်း
စဉ်းစားမိသမျှ



တချို့လူတွေတစ်ခုခုကိုယုံကြည်နေကြတယ်ဆိုတာ ဘာကြောင့်မှမဟုတ်ဘူးယုံချင်လို့ကိုယုံနေတာ။
ဒေးကား(ဖလော်ဆော်ဖာ)


ငါတို့တွေကသူများတွေဖြစ်ရင်ကိုယ်လဲဖြစ်နိုင်တယ်ဆိုတာကိုကောင်းတဲ့ကိစ်စမျိုးတွေကျတော့မှသာတွေးမိတတ်ကြတာ။သူများထီပေါက်ရင်ကိုယ်လဲပေါက်နိုင်တယ်ဆိုပြီးတွေးတယ်။ထီထိုးကြတယ်။ဒါပေမယ့်သူများကားတိုက်ခံရရင်ကိုယ်လည်းခံရနိုင်တယ်ဆိုတာမျိုးကျတော့မတွေးဘူး။မတွေးချင်ကြဘူး။
အောင်သင်း
တခါတုန်းကတပည့်တွေ


University definition
တက္ကသိုလ်ဆိုတာစာသင်တာမဟုတ်ဘူး။စဉ်းစားနည်းကိုပဓာနထားပြီးသင်တာ။စာသားတပ်ပြီးစဉ်းစားနည်းကိုမတက်ခဲ့ရင်ဘာဘွဲ့ကြီးပဲရနေနေ အဓိပ်ပာယ်မရှိဘူး။စဉ်းစားနည်းကိုရခဲ့ရင်ဘယ်ဘာသာ ယူပီး ဘာဘွဲ့ပဲရရအဓိပ်ပါယ်ရှိတယ်။






thumbnail

စာအုပ်ကောင်းတွေထဲက

Photo by Kari Shea on Unsplash

ကျနော်တို့ရန်သူများကကျနော်တို့ပေါ်တွင်ထားသောထင်မြင်ချက်တို့မှာကျနုပ်တို့ဘာသာထားသောထင်မြင်ချက်တို့ထက်အမှန်ဘက်သို့ပို့လေသည်။
လာရော့ဖောကော



စိတ်ထဲမှာမှန်တယ်ထင်ရင်နဲ့ထင်ရင်လုပ်သာလုပ် သူများပြောတာကိုဂရုမစိုက်နဲ့။ဝေဖန်မခံချင်လို့လွတ်အောင်နေချင်ရင်အရုပ်လိုဘာမှမလုပ်ဘဲနေမှရမယ်။



ကျနုပ်ရွေ့လျှောနိမ့်ကျခြင်းမှာမည်သူ့‌ေကြာင့်မှမဟုတ် ကျနော့်ကြောင့်သာဖြစ်သည်။ကျနုပ်သည်သာလျှင်ကျနုပ်၏အကြီးဆုံးယမ်းသူကြီးဖြစ်သည်
နပိုလီယံ

About